ချင်းပြည်နယ်တွင် ဝန်ကြီး(၁)ပါးအသစ်ခန့်အပ်

ချင်းပြည်နယ် "လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန”တွင် ဝန်ကြီးအဖြစ် ခန့်အပ်မည့်ဝန်ကြီးအမည်စာရင်းအား ပြည်နယ်ဝန်ကြီးချုပ်မှ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဒုတိယနေ့တွင် ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား၏အမည်စာရင်းကို တင်သွင်းခဲ့ပြီး (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ တတိယနေ့တွင် လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

          နိုင်ငံတော်သမ္မတရုံး၏ (၁-၇-၂၀၁၉)ရက်စွဲပါစာအမှတ်၊ ၁၈၆(၁)/ဂ/သမ္မတရုံးဖြင့် ဦးဖွေအားကို ချင်းပြည်နယ်အစိုးရအဖွဲ့  “လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးပြီးဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(ဋ)ပါ ပြဌာန်းချက်အရ ချင်းပြည်နယ်လွှတ်တော်သို့ အကြောင်းကြားလာပါသည်။

          (၂-၇-၂၀၁၉)ရက် အင်္ဂါနေ့၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့တွင် ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ -၆၁အရ ဦးဖွေအားကို ပြည်နယ်ဝန်ကြီးအဖြစ် ကတိသစ္စာပြု လက်မှတ်ရေးထိုးစေပြီး ဖြစ်ပါသည်။

Share this post

Leave a comment

Filtered HTML

  • Web page addresses and e-mail addresses turn into links automatically.
  • Allowed HTML tags: <a> <em> <strong> <cite> <blockquote> <code> <ul> <ol> <li> <dl> <dt> <dd>
  • Lines and paragraphs break automatically.

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.

About Us

Nulla nunc dui, tristique in semper vel, congue sed ligula. Nam dolor ligula, faucibus id sodales in, auctor fringilla libero. Nulla nunc dui, tristique in semper vel. Nam dolor ligula, faucibus id sodales in, auctor fringilla libero.