ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ပထမနေ့) ကျင်းပမှုတင်ပြခြင်း

         ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦးအနက် (၂၃)ဦးတက်ရောက်၍ ရာခိုင်နှုန်းအားဖြင့် (၉၅.၈၃%) တက်ရောက်သည့်အတွက် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ် မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ (၁ဝးဝ၅)နာရီအချိန်တွင် ကြေညာခဲ့ပါသည်။

        (၁ဝး၃၀)နာရီအချိန်တွင် တွန်းဇန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးထောင်းခိုမန်မှ ဝေးလံခေါင်းပါး၍ မတိုးတက်မဖွံ့ဖြိုးသေးသော နယ်စပ် ဒေသများ တိုးတက်ဖွံ့ဖြိုးလာစေရန် နတလဦးစီးဌာန၏ ဒေသန္တရဘဏ္ဍာ ငွေလုံးငွေရင်း တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းအားမေးမြန်းခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ဖြေကြားခဲ့ ပါသည်။

       (၁ဝး၁၈)နာရီအချိန်တွင် ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ တလန်ရွား(က)ရွာမှ ဟရီးဖီးရွာအထိ (၁၂)မိုင် သည် မော်တော်ကားလမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းအား မေးမြန်းခဲ့ရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဖြေကြားခဲ့ပါသည်။

       (၁ဝး၂၄)နာရီအချိန်တွင် ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ ငဖိုင်ပီးကျေးရွာအုပ်စု၊ ခွါပီလိုရွာအနီးတွင်ရှိသော ဖားဖဲလယ်ယာ မြေဧက(၁၀၀)အား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ဖော်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းအား မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးမှ ဖြေကြားခဲ့ပါသည်။

      (၁ဝး၃၂)နာရီအချိန်တွင် ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမှုထန်မှ ငဖိုင်ပီးကျေးရွာအုပ်စု၊ ခွါပီးလိုရွာမှ (၃)မိုင်ကွာ ဝေးသော ဖားဖဲလယ်ယာမြေအထိ (၂၁)ပေ အကျယ်ကားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုသော မေးခွန်းအား မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးမှ ဖြေကြားခဲ့ပါသည်။

      (၁ဝး၃၈)နာရီအချိန်တွင် ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ ဟရီဖီး(က)ရွာ၊ ရိုရေနယ် တွင် (၂)မိုင် (၄)ဖာလုံ ကွာဝေးသော ရေသွယ်မြောင်းအား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိသိရှိလိုသော မေးခွန်းအား မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးမှ ဖြေကြားခဲ့ပါသည်။

     (၁ဝး၄၁)နာရီအချိန်တွင် ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ အနောက်ဘက်ခြမ်း လမ်းဘေးရှိ ဥယာဉ်ခြံလမ်းနှင့် ရေပြွန်အတွက် လိုအပ်သော ကျပ်သိန်း (၇၀)အား ထောက်ပံ့ ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုသော မေးခွန်းအား မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးမှ ဖြေကြားခဲ့ပါသည်။

     (၁ဝး၄၆)နာရီအချိန်တွင် ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ကြောင်ထီးယားရွာမှ ဟားခါးမြို့လမ်းကို (၁) ချာလ်ဗားချောင်းအား ပေ(၈၀)အရှည်  ဘေလီတံတားခင်းပေးရန်၊ (၂)ယင်းလမ်းပေါ်ရှိ ရေပြွန် (၁၀)ခု၊ (၃) ကျန်သော (၁၀)မိုင်ကျော်ရှည်သော လမ်းအား တာချဲ့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းအား မေးမြန်းခဲ့ရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဖြေကြားခဲ့ပါသည်။

    (၁ဝး၅၅ )နာရီအချိန်တွင် တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးပူထန်ဒိတ်ခုပ်မှ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်တွင် မဟာဓါတ် အားလိုင်းမှ လျှပ်စစ်ဓါတ်အား ရရှိနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းအား မေးမြန်းခဲ့ရာ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးမှ ဖြေကြားခဲ့ပါသည်။

    (၁၁းဝ၂)နာရီအချိန်တွင် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌရွေးကောက် တင်မြှောက်မည်ဖြစ်ကြောင်းကို လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲမှ ကြေညာခဲ့ပါသည်။

    (၁၁း၁၆)နာရီအချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဌာန တစ်ခုတိုးချဲ့ဖွဲ့စည်းရန် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရယူဆောင်ရွက်ခဲ့ ပါသည်။

    (၁၁း၁၈)နာရီအချိန်တွင် ၂၀၁၈ - ၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ (မူကြမ်း)အား ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့ပါသည်။

    (၁၁း၃၀)နာရီအချိန်တွင် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဘဏ္ဍာအရ အသုံး ခန့်မှန်းခြေငွေစာရင်းအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့ပါသည်။

     (၁၁း၄၅)နာရီအချိန်တွင် ချင်းပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဆိုင်ရာ ဥပဒေ (မူကြမ်း)အား ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့ပါသည်။

      (၁၂းဝဝ)နာရီအချိန်တွင် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့)ကို ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၈)ရက် (သောကြာနေ့) နံနက်(၁ဝးဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

Share this post

Leave a comment

Filtered HTML

  • Web page addresses and e-mail addresses turn into links automatically.
  • Allowed HTML tags: <a> <em> <strong> <cite> <blockquote> <code> <ul> <ol> <li> <dl> <dt> <dd>
  • Lines and paragraphs break automatically.

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.

About Us

Nulla nunc dui, tristique in semper vel, congue sed ligula. Nam dolor ligula, faucibus id sodales in, auctor fringilla libero. Nulla nunc dui, tristique in semper vel. Nam dolor ligula, faucibus id sodales in, auctor fringilla libero.