ချင်း ပြည်နယ် လွှတ်တော်


ချင်း ပြည်နယ် လွှတ်တော် သမိုင်း

ချင်းပြည်နယ်တွင် ဝန်ကြီး(၁)ပါးအသစ်ခန့်အပ်

ချင်းပြည်နယ် "လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန”တွင် ဝန်ကြီးအဖြစ် ခန့်အပ်မည့်ဝန်ကြီးအမည်စာရင်းအား ပြည်နယ်ဝန်ကြီးချုပ်မှ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဒုတိယနေ့တွင် ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား၏အမည်စာရင်းကို တင်သွင်းခဲ့ပြီး (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ တတိယနေ့တွင် လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ဖက်ဒရယ်စနစ်အလုပ်ရုံးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာအစည်းအဝေးခန်းမ၌ (၂၉/၆/၂၀၁၉)ရက်နေ့ နံနက် (၀၉၀၀)နာရီမှ ညနေ(၀၄၀၀)နာရီအထိ Forum of Federation (The Global Network on Federalism and Devolved Governance) မှ ကြီးမှူးကျင်းပသော ဖက်ဒရယ်စနစ်အလုပ်ရုံဆွေးနွေးပွဲအစီအစဉ် ကျင်းပပြုလုပ်ပါသည်။ ယင်းအစီအစဉ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ပါဝင်ပါသည်။ (၃၀/၆/၂၀၁၉)ရက်နေ့ ညနေ(၀၁၀၀)တွင် လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

 

Pages