ချင်းပြည်နယ်တွင် ဝန်ကြီး(၁)ပါးအသစ်ခန့်အပ်

ချင်းပြည်နယ် "လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန”တွင် ဝန်ကြီးအဖြစ် ခန့်အပ်မည့်ဝန်ကြီးအမည်စာရင်းအား ပြည်နယ်ဝန်ကြီးချုပ်မှ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဒုတိယနေ့တွင် ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား၏အမည်စာရင်းကို တင်သွင်းခဲ့ပြီး (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ တတိယနေ့တွင် လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ဖက်ဒရယ်စနစ်အလုပ်ရုံးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာအစည်းအဝေးခန်းမ၌ (၂၉/၆/၂၀၁၉)ရက်နေ့ နံနက် (၀၉၀၀)နာရီမှ ညနေ(၀၄၀၀)နာရီအထိ Forum of Federation (The Global Network on Federalism and Devolved Governance) မှ ကြီးမှူးကျင်းပသော ဖက်ဒရယ်စနစ်အလုပ်ရုံဆွေးနွေးပွဲအစီအစဉ် ကျင်းပပြုလုပ်ပါသည်။ ယင်းအစီအစဉ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ပါဝင်ပါသည်။ (၃၀/၆/၂၀၁၉)ရက်နေ့ ညနေ(၀၁၀၀)တွင် လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

 

ဟားခါးမြို့ပေါ် (၆)ရပ်ကွက် အတွက်ပြည်သူများမှ သောက်သုံးရေရရှိနိုင်ရန် မေးမြန်းချက်နှင့် ဖြေကြားချက်

ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဦးဗန်ထောင်းမှ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် (၆)ရပ်ကွက် အတွက်ပြည်သူများမှ သောက်သုံးရေရရှိနိုင်ရန် ခွင့်ပြုငွေကျပ်သန်း(၂၉၀၀)ဖြင့် အောက်ပါလုပ်ငန်း စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်-

     (က) ဂါလံ၅၀၀၀ဆန့်မြို့တွင်းဖြန့်ဝေကန်များဆောက်ခြင်း၊

     ( ခ ) မြို့တွင်းရေပိုက်လိုင်းများသွယ်တန်းခြင်း၊

တိုင်းရင်းသားလူမျိုးများအကြောင်းနှင့်ပွဲတော်များအကြောင်း

ခွါန်ကြွဲပွဲတော်
    ခွါန်ကြွဲပွဲတော်ကို ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်ရှိ ချင်းလူမျိုးတို့၏ အကြီးအကျယ်ဆုံးသော ဂုဏ်တုဂုဏ်ပြိုင်ပွဲတော်ဖြစ်သည်။ ပွဲတော်မှာ (၇)ရက်ခန့်ကြာပြီး ပွဲပြုလုပ်သူအိမ်ရှင်၏ တတ်နိ်ုင်သည့်အတိုင်း အတာဖြင့် နွားနောက်ငါးကောင်မှာ အကောင်(၂၀)အထိ အကုန်ကျခံကျင်းပသည်။

တိုင်းရင်းသားလူမျိုးများအကြောင်းနှင့်ပွဲတော်များအကြောင်း

ခွါဒိုပွဲတော်
ချင်းရိုးရာခွါဒိုပွဲ(ခေါ်)နှစ်သစ်ကူးပွဲတော်သည် ရာသီပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဓိကတောင်ယာ သီးနှံများကို ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိသည်။ ပထဝီအခြေအနေအရ တောင်ယာသီးနှံရိတ်သိမ်းချိန် သည် တစ်နေရာနှင့်တစ်နေရာမတူညီကြချေ။ ထို့ကြောင့် ခွါဒိုပွဲတော်ကို အစောဆုံးစက်တင်ဘာလမှ နောက် အကျဆုံး ဒီဇင်ဘာလအထိ နေရာဒေသအလိုက် ကျင်းပလေ့ရှိကြသည်။ ချင်းရေးရာဦးစီးအဖွဲ့မှ ခွါဒိုပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၄)ရက်မှ လပြည့်ကျော် (၁)ရက်နေ့အထိ ကျင်းပရန် (၂၇.၁၀.၁၉၆၄)ရက်နေ့တွင် နေ့ရက်သတ်မှတ်ပေးခဲ့သည်။

Class aptent taciti sociosqu ad litora torquent

Euismod atras vulputate iltricies etri elit. Class aptent taciti sociosqu ad litora torquent per conubia nostra, per inceptos himenaeos. Nulla nunc dui, tristique in semper vel, congue sed ligula. Nam dolor ligula, faucibus id sodales in, auctor fringilla libero. Pellentesque pellentesque tempor tellus eget hendrerit. Morbi id aliquam ligula. Aliquam id dui sem. Proin rhoncus consequat nisl, eu ornare mauris tincidunt vitae.