post-featured-image

ချင်းပြည်နယ်တွင် ဝန်ကြီး(၁)ပါးအသစ်ခန့်အပ်

ချင်းပြည်နယ် “လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန”တွင် ဝန်ကြီးအဖြစ် ခန့်အပ်မည့်ဝန်ကြီးအမည်စာရင်းအား ပြည်နယ်ဝန်ကြီးချုပ်မှ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဒုတိယနေ့တွင် ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား၏အမည်စာရင်းကို တင်သွင်းခဲ့ပြီး (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ တတိယနေ့တွင် လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတော်သမ္မတရုံး၏ (၁-၇-၂၀၁၉)ရက်စွဲပါစာအမှတ်၊ ၁၈၆(၁)/ဂ/သမ္မတရုံးဖြင့် ဦးဖွေအားကို ချင်းပြည်နယ်အစိုးရအဖွဲ့ “လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးပြီးဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(ဋ)ပါ ပြဌာန်းချက်အရ ချင်းပြည်နယ်လွှတ်တော်သို့ အကြောင်းကြားလာပါသည်။

(၂-၇-၂၀၁၉)ရက် အင်္ဂါနေ့၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့တွင် ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ -၆၁အရ ဦးဖွေအားကို ပြည်နယ်ဝန်ကြီးအဖြစ် ကတိသစ္စာပြု လက်မှတ်ရေးထိုးစေပြီး ဖြစ်ပါသည်။

17.2019